မုဒုံမြို့ရှိ ကျေးရွာ(၅)ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သော လုပ်ငန်းများရာနှုန်းပြည့်ပြီးစီး

မုဒုံ ဒီဇင်ဘာ ၁၂

မွန်ပြည်နယ် မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ (၅)ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေများဖြင့် ဆောင်ရွက်သောလုပ်ငန်များ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

“ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) သည် ဖွံ့ဖြိုးမှုနည်းပါးသော ကျေးရွာများအတွင်း လိုအပ်သည့် လုပ်ငန်းများကို  နိုင်ငံတော်၏  ခွင့်ပြုရန်ပုံငွေနှင့် ကျေးရွာပြည်သူများ၏ ပါဝင်မှုဖြင့် ဦးစားပေးလုပ်ငန်းအလိုက် စီမံချက်ရေးဆွဲပြီး ကျေးရွာ၏ ပကတိလိုအပ်သောဖွံ့ဖြိုးရေးအစီအစဉ်များကို ကျေးရွာနေပြည်သူများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးမှုနှင့် ကြီးကြပ်ခြင်းလုပ်ငန်းများ ဆောင် ရွက်ပေးကြောင်း ”  မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

မုဒုံမြို့နယ်ရှိ ကွမ်တာ (ရွာဟောင်း) ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအရှည် ၅၈၀ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မနှင့် ရေမြောင်းအုတ်စီချင်းလုပ်ငန်း အရှည် ၄၅၅ ပေ၊ အကျယ် ၁ ပေ ၆ လက်မ၊ အမြင့် ၁ ပေ ၆ လက်မ ကိုလည်ကောင်း၊ ကျုံဖိုက်ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း အရှည် ၄၂၅ ပေ၊အကျယ် ၁၂ ပေ၊ ထု၆ လက်မနှင့် Slab Culver တစ်စင်း အရှည် ၃ ပေ ၆ လက်မ၊ အကျယ် ၂၂ ပေ ၊ ထု ၁ ပေ ၆ လက်မ ကိုလည်ကောင်း၊ ကော့ခလွယ်ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း အရှည် ၅၇၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ ကိုလည်ကောင်း၊ လက်တက်ကျေးရွာတွင် ကတ္တရာလမ်းခင်းခြင်း အရှည် ၅၅၀ ပေ၊ အကျယ် ၁၀ ပေ ၊ ထု ၇ လက်မ ကိုလည်ကောင်း၊ ဆက်သွယ် (ရွာသစ်) ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း  အရှည်၆၀၀ ပေ ၊ အကျယ် ၁၂ ပေ ၊ ထု ၆ လက်မတို့ကို  ခွင့်ပြုရန်ပုံငွေကျပ သန်း  ၅၀  နှင့် ပြည်သူ့ထည့်ဝင်ငွေ ၂၃ ဒသမ ၉၉ ကျပ်သန်း စုစုပေါင်း ၇၃ ဒသမ ၉၉ ကျပ်သန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်၍ ကျေးရွာ (၅) ရွာရှိ အိမ်ခြေ ၂၅၀၀ ခန့်ရှိ လူဦးရေ ၈၀၀၀နီးပါးနှင့် အနီးဝန်းကျင်ကျေးရွာများမှ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအတွက်များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)