သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဒေသဖွံဖြိုးရေးလုပ် ငန်းများ  ဖြည့်ဆည်းပေးနိုင်ရေးဆက်လက်ကွင်းဆင်းဆောင်ရွက်

သံဖြူဇရပ်        ဒီဇင်ဘာ   ၁၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ကျေးရွာနေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းက ဝယ်ကဝါကျေးရွာအုပ်စု၊ အောင်ကုသိုလ်ရပ်၊အောင်သုခ ဘုန်းတော်ကြီးကျောင်း (ဓမ္မာရုံ)၌ ကွင်းဆင်း၍  ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံသည်။

ထိုသို့စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မိုးလွင်က  ကျေးရွာနေပြည်သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျောင်းများကောင်းမွန်စေရေးနှင့် ကျန်းမာရေး၊ လူမှုရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ လမ်းများ၊ စာသင်လိုအပ်ချက်များရှိပါက တင်ပြနိုင်ရေး အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဗိုလ်မှူးသက်ထွန်းဦးက နိုင်ငံရေးစစ်ကြောင်းအနေနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချပြရှင်းလင်းပြီး တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ များဆွေးနွေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးကျော်ကျော်ဦးက သန်းခေါင်စာရင်းဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးခင်မောင်ထွန်းမှလုံခြုံရေးဆိုင်ရာအကြောင်းအရာများကိုပြောကြားပြီး ဌာနဆိုင်ရာတာဝန်ရှိသူများမှလည်း ကဏ္ဍအလိုက်ဆွေးနွေးရာ တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာနေ ပြည်သူများ၏ တင်ပြမေးမြန်းချက်များအပေါ်  သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှုးနှင့်ဝန်ထမ်းများကအိမ်ထောင်စု သန်းခေါင်စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးနိုင်ရေး၊ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများမှကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)