တက္ကသိုလ်များတွင် အသုံးချဘာသာရပ် (Applied Subjects)တိုးချဲ့ သင်ကြားနိုင်ရေးညှိနှိုင်းဆွေးနွေးပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း တက်ရောက်

မော်လမြိုင်   ဒီဇင်ဘာ   ၁၄

ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးကိုဦးတည်၍ တက္ကသိုလ်များတွင် အသုံးချဘာသာရပ် (Applied Subjects)တိုးချဲ့သင်ကြားနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်တက္ကသိုလ်(ဘက်စုံခန်းမ)၌ ကျပ်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊   ပြည်နယ်အဆင့်ဝန်ကြီးများ တက္ကသိုလ်ဆရာ၊‌ ဆရာမများတက်ရောက်ကြသည်။ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်တွင် လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းစေရေးအတွက် ဒေသလိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် အသုံးချဘာသာရပ်များ (Applied Subjects)ကို သင်ကြားလေ့ကျင့်ပေးရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ်များတွင် သင်ကြားရေးအစီအစဉ်အဖြင့် ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများပို့ချလျက်ရှိရာ စီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေမည့် ဘာသာရပ်များအား အချိန်ယူသင်ကြားကာစာမေးပွဲစစ်ဆေးခြင်း၊ စာတမ်းများ ပြုစုတင်သွင်းစေခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးကြစေလိုကြောင်း၊ လက်တွေ့လုပ်ငန်းနယ်ပယ်တွင် ပညာရပ်ပိုင်းဆိုင်ရာများကို ထိရောက်မှန်ကန်စွာ အသုံးချခြင်းဖြင့် စက်ရုံ၊ အလုပ်ရုံများ၊ MSME စီးပွားရေးလုပ်ငန်းများနှင့် ပုဂ္ဂလိကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးကြရန်ဖြင့် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာအောင်မြတ်ကျော်စိန်မှ ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်