သံဖြူဇရပ်မြို့နယ်၊ ပြည်သူ့ဆေးရုံစည်းဝေးခန်းမ၌ မျက်စိဝေဒနါရှင်များအား အခမဲ့စမ်းသပ်စစ်ဆေးပေးခြင်းပြုလုပ်

သံဖြူဇရပ် ဒီဇင်ဘာ ၁၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနနှင့် ရွှေမျက်မှန်ပရဟိတအသင်း (One dollar glas foundation)တို့၏ ပူးပေါင်းမှုတို့ဖြင့်မွန်ပြည်နယ်အတွင်း"မရှိ၍မလင်းသူမရှိစေရ" အစီအစဉ်အရ သံဖြူဇရပ်မြို့နယ်အတွင်းရှိ မျက်စိရောဂါဝေဒနာရှင်များအား အခမဲ့စမ်းသပ်စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံအစည်းဝေးခန်းမ၌ ကုသသည်။

ထိုသို့စမ်းသပ်စစ်ဆေးရာတွင် ပါဝါမျက်မှန်အခမဲ့တပ်ဆင်ပေးခြင်း၊ One Dollar Glasses မျက်မှန်များအားအခမဲ့လှူဒါန်းပေးခြင်းနှင့် ခွဲစိတ်ရန်လိုအပ်သူများကို အခမဲ့ခွဲစိတ်ကုသပေးနိုင်ရန်အတွက် ဆက်လက်စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ သံဖြူဇရပ်မြို့နယ်ရှိမျက်စိဝေဒနာရှင်များအား ပထမအကြိမ် ကုသပေးခြင်းဖြစ်ပြီး ယနေ့တွင်မျက်စိဝေဒနာရှင်(၂၀၀)ဦးအား ကုသပေးသွားမည်ဖြစ်ကြောင်း ရွှေမျက်မှန်ပရိဟိတအသင်းအဖွဲ့ခေါင်းဆောင် ဦးကောင်းစံထံမှ သိရသည်။

အေးအေးသီ(ပြန်/ဆက်)