မွန်ပြည်နယ်

ချောင်းဆုံမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ ဆေးစိမ်ခြင်ထောင် (၇၈၄၃၂) လုံး အခမဲ့ဖြန့်ဝေ

၂၀၂၃ ခုနှစ်တွင် ငှက်ဖျားရောဂါကင်းစင်ပပျောက်ရေးစီမံချက်ဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ငှက်ဖျားရောဂါအဖြစ်များသည့် ကျေးရွာနှင့် ဖြစ်နိုင်ခြေရှိသည့် ကျေးရွာများ အားကျန်းမာရေးဦးစီးဌာနမှ ဆေးစိမ်ခြင်ထောင်အခမဲ့ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်က ကျေးရွာအသီးသီးရှိ ကျန်းမာရေးဌာန/ဌာနခွဲများတွင် ပြည်သူများအား ဆေးစိမ်ခြင်ထေင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မွန်ပြည်နယ် ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် လှေလှော်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီက မုဒုံမြို့နယ် မြို့မ(၄)ရပ်ကွက်ရှိ ကန်ကြီးမင်္ဂလာကန်တော်၌ ကျင်းပသည်။

ကျိုက်မရောမြို့နယ် မှ U-19 အမျိုး သားဘောလုံးအသင်းနှင့် U-18 အမျိုးသမီး ဘောလုံး အသင်းမှ အောင်ပွဲရ အားကစားသမားများအားဂုဏ်ပြုပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မြို့နယ်ဂုဏ်ဆောင် တံခွန်စိုက် ဒိုင်းဆုရရှိခဲ့သော U-19. အမျိုးသားဘောလုံးအသင်းနှင့် U-18 အမျိုးသမီးဘောလုံးအသင်းမှ အောင်ပွဲရ အားကစားသမားများ ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ​ မိုးလုံလေလုံ မြို့မ အားကစားရုံ၌ ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်တွင် ဒီဇင်ဘာအားကစားလ (စတုတ္ထအပတ်) စုပေါင်းလမ်းလျှောက်ပွဲ ပြည်နယ်၀န်ကြီးချုပ်ပါ၀င်ဆင်နွဲ

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသား အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ မွန်ပြည်နယ်တွင် ဒီဇင်ဘာအားကစားလ (စတုတ္ထအပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား (၁၃၀၀)ကျော်တို့မှ စုရပ်ဖြစ်သည့် မော်လမြိုင်မြို့၊ မောရဝတီပန်းခြံမှ စတင်၍ ဗဟိုလမ်းမကြီးတစ်လျှောက်၊ သိပ္ပံလမ်းနှင့်ကမ်းနားလမ်းတစ်လျှောက် စုပေါင်းလမ်းလျှောက်ပွဲ တပျော်တပါးပါဝင်ဆင်နွှဲ ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၂၀၂၂-၂ဝ၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့် ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတက်ရောက်

မော်လမြိုင်မြို့နယ်တွင် (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းအဆင့် Grade-10, Grade-11 ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားဖွင့်ပွဲကို ယမန်နေ့လယ် (၁:၀၀)နာရီက၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း​ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မော်လမြိုင် တက္ကသိုလ်မှပါမောက္ခချုပ်နှင့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ မွန်ပြည်နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သထုံမြို့၊ မူလတန်းကြိုကျောင်း၌ ကျောင်းတွင်းအားကစားပြိုင်ပွဲများကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် ယနေ့နံနက် ၈ နာရီအချိန်ခန့်က မူကြိုကလေးငယ်များ ကာယ၊ ဉာဏစွမ်းရည်တိုးတက်မြင့်မားရေး ဒီဇင်ဘာလ ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ပြုလုပ်ကျင်းပခဲ့သည်။

မွန်ပြည်နယ်၀န်ကြီးချုပ်(Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ကော်မတီပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင်  (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီပြည်နယ်အဆင့် နည်းပြ သင်တန်းဖွင့်ပွဲအခမ်းအနားကိုအမှတ် ၆ အခြေခံပညာအထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ ယမန်နေ့နံနက် ၉နာရီက မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်အစိုးရ အဖွဲ့၀င် ၀န်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်း ထွန်း (၈၅)ကြိမ်မြောက် ကရင် အမျိုးသားနှစ်သစ်ကူး​နေ့ အခမ်းအနား တက်ရောက်

(၈၅)ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူး​နေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ ​ရွှေမြိုင်သီရိရပ်ကွက်၊ ​မြောင်ဘက်ကွင်း​ကျောင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့၀င်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ကရင်စာ​ပေနှင့်ယဉ်​ကျေးမှု​ကော်မတီ ဝင်များ၊ ဖိတ်ကြားထားသူများ တက်​ရောက်ခဲ့သည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို  မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

၂၀၂၃ ခုနှစ်   (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့  အထိမ်းအမှတ်အကြို   မွန်ပြည်နယ် ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီက မုဒုံမြို့နယ် မြို့မ(၄)ရပ်ကွက်ရှိ ကန်ကြီးမင်္ဂလာကန်တော်၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ကျိုက်ထိုမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စွမ်းရည်ပြိုင်ပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ကျောင်းပေါင်းစုံစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ကျိုက်ထိုမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်
Subscribe to မွန်ပြည်နယ်