သထုံမြို့၊ မူလတန်းကြိုကျောင်း၌ ကျောင်းတွင်းအားကစားပြိုင်ပွဲများကျင်းပ

သထုံ     ဒီဇင် ဘာ      ၂၃

မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် ယနေ့နံနက် ၈ နာရီအချိန်ခန့်က မူကြိုကလေးငယ်များ ကာယ၊ ဉာဏစွမ်းရည်တိုးတက်မြင့်မားရေး ဒီဇင်ဘာလ ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ပြုလုပ်ကျင်းပခဲ့သည်။

အားကစားပြိုင်ပွဲများပြုလုပ်ရာတွင် မူကြိုက‌လေးငယ်များက အပြေးပြိုင်ခြင်း၊ ဗူးဆင့်ပြိုင်ခြင်း၊ အားလူးကောက်၊ အရုပ်ထောင်ပြေးပြိုင်ပွဲနှင့် ခေါင်းအုံးရိုက်ပြိုင်ခြင်းစသည့် ကာယစွမ်းရည်ပြိုင်ပွဲ အမျိုးအစား(၅)မျိုးတို့ကို ပွဲစဉ်အလိုက်ကလေးငယ်(၁၀၀)ဦးခန့် တပျော်တပါးပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ မိဘအုပ်ထိန်းသူများနှင့် ဆရာ/ဆရာမများက ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ပြိုင်ပွဲအသီးသီးမှ ဆုရကလေးငယ်များနှင့် ပြိုင်ပွဲဝင်ကလေးများအားလုံးကို ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မို့မို့၊ ကျောင်းအုပ်ဆရာမကြီးဒေါ်ဇင်မာမိုးနှင့် မိဘအုပ်ထိန်းသူများက ဆုများအသီးသီးပေးအပ်ခဲ့၍ အာဟာရမုန့်များ ဝေငှပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်