ကျိုက်မရော ဒီဇင်ဘာ ၂၄
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မြို့နယ်ဂုဏ်ဆောင် တံခွန်စိုက် ဒိုင်းဆုရရှိခဲ့သော U-19. အမျိုးသားဘောလုံးအသင်းနှင့် U-18 အမျိုးသမီးဘောလုံးအသင်းမှ အောင်ပွဲရ အားကစားသမားများ ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မိုးလုံလေလုံ မြို့မ အားကစားရုံ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျိုက်မရောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးဦး က အဖွင့်အမှာစကား ပြောကြားရာတွင် မြို့နယ်အတွက် ယခုလို တံခွန်စိုက် ဒိုင်းဆုရယူ နိုင်ခဲ့ကြသော U-19အမျိုး သားအသင်းနှင့် U-18အမျိုးသမီး ဘောလုံးအသင်းမှ ထူးချွန် အားကစားသမားများအား ဝမ်းသာဂုဏ်ယူပါကြောင်း၊ ဆက်လက်၍လည်း မြန်မာ့လက်ရွေးစဉ် ဘောလုံးသမားများ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အောင်ပွဲရ U-19 အမျိုး သားအသင်းနှင့် U-18အမျိုးသမီးအသင်းမှ အုပ်ချုပ်သူနည်းပြနှင့် အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက. ဘောလုံးအသင်းများအား တံခွန်စိုက်ဒိုင်းဆုကြီးနှင့် ဆုငွေများအား ချီးမြှင့်ပေးအပ်ခဲ့ကာ U-18 အမျိုးသမီးဘောလုံးအသင်းမှ အကောင်းဆုံး အားကစားသမားဆုရ မဖြိုးသူဇာလင်းက ကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့သည်။
ယနေ့ကျင်းပပြုလုပ်သော ဂုဏ်ပြုပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အောင်ပွဲရ အားကစားသမားများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် ဂုဏ်ပြုနေ့လည်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြကြောင်း မြို့နယ် အားကစားမှူး ဦးကိုကိုဝင်း ထံမှသိရသည်။
ကျိုက်မရော(ပြန်/ဆက်)