သံဖြူဇရပ်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲအခမ်းအနားပြုလုပ်
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကျင်းပသော တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/သူ များအား အောင်ချက်မြင့်မားဘာသာရပ်ဆိုင်ရာ ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ကျိုက္ခမီမြို့ အခြေခံပညာ အထက်တန်းကျောင်းတို့၌ ကျင်းပပြုလုပ်သည်။