ပေါင် ဇန်နဝါရီ ၂၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းက မုတ္တမကျေးရွာ ရွှေဂူကြီး၊ ရွှေဂူလေး ရှေးဟောင်းစေတီတော်တွင် ထုံးသင်္ကန်းကပ်လှူရောင်တော်ဖွင့်ခြင်း၊ စေတီတော်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များစုပေါင်းကာ ဘုရားစေတီပုထိုးများအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်း၊ ထုံးသင်္ကန်းကပ်လှူ ရောင်တော်ဖွင့်ခြင်း၊ စေတီဝန်းကျင်စိမ်းလန်းစိုပြေရေး ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်ဆက်)