ချောင်းဆုံမြို့နယ် ကျက်သရေဆောင် ရွှေမြင့်မိုရ်တောင်ကိုးခန်းကြီးဘုရားတွင် ဘေးဥပါဒ်အန္တရာယ်ကင်းစင်ရေး အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်း ဒုတိယနေ့ဆက်လက်ကျင်းပ

ချောင်းဆုံ ဇန်နဝါရီ ၂၇

မွန်ပြည်နယ်၊​ ချောင်းဆုံ​မြို့နယ်အတွင်း ဘေးဥပါဒ်အန္တရာယ်များ ကင်းစင်အေးချမ်းစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် ချောင်းဆုံ​မြို့နယ်ကျက်သ​ရေဆောင် ရွှေမြင့်မိုရ်တောင်ကိုးခန်းကြီးဘုရားတန်ဆောင်း၌ ယနေ့နံနက် ၈ နာရီအချိန်က အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း ပါဠိတော်များအပါဝင် ဗုဒ္ဓဒေသနာတော်များကို သံဃာတော်များက ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ဒေသနာတော်များ ရွတ်ဖတ်ပူဇော်ရာတွင် ​မြို့နယ်သံဃာ့နာယကဆရာတော် ဦးဝါယမိန္ဒ ဦးဆောင်သည့် သံဃာတော်များ(၉)ပါးတို့က အတွင်းအောင်ခြင်းရှစ်ပါး ပါဠိတော်၊ အပြင် အောင်ခြင်းရှစ်ပါးပါဠိတော်နှင့် ဓဇဂ္ဂသုတ်တို့အား ရွတ်ဖတ်ပူဇော်ပြီး မေတ္တာပို့အမျှအတန်း ပေးဝေခဲ့ကြသည်။

အဆိုပါဒေသနာတော်များ ရွတ်ဖတ်ပူဇော်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြပြီး ဆရာတော်နှင့် သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)