သံဖြူဇရပ် ဇန်နဝါရီ ၂၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကျင်းပသော တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/သူ များအား အောင်ချက်မြင့်မားဘာသာရပ်ဆိုင်ရာ ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ကျိုက္ခမီမြို့ အခြေခံပညာ အထက်တန်းကျောင်းတို့၌ ကျင်းပပြုလုပ်သည်။
အဆိုပါအောင်ချက်မြင့်မားရေးဟောပြောပွဲကို မော်လမြိုင်တက္ကသိုလ်မှ ဆရာ/ဆရာမ(၁၃) ဦးတို့က မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ဓာတုဗေဒ/ပထဝီ၊ ရူပဗေဒ/သမိုင်း၊ ဇီဝဗေဒ/ဘောဂဗေဒဘာသာရပ်များကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ (၄၀၅)ဦးတို့အား နံနက်(၈)နာရီခွဲမှ မွန်းလွဲ(၃)နာရီအထိ ဟောပြော ပို့ချပေးခဲ့သည်။
ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမာနှင့် အဖွဲ့ဝင်များမှ သွားရောက်၍ ကျောင်းသား/သူ များအား အားပေးစကားပြောကြားပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)