ကျိုက်ထိုမြို့နယ်၌ ကျိုက်ထီးရိုးဒေသ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်
ကျိုက်ထိုမြို့နယ်တွင် မွန်ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်မီးသတ်ဦးစီးဌာနမှ ကျိုက်ထီးရိုးနယ်မြေမီးသတိပြုရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ကျိုက်ထီးရိုးစေတီတော် ထမင်းဆိုင်တန်း၌ ပြုလုပ်ခဲ့ကြသည်။