မုဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ဖိနပ်ချုပ်နည်းသင်တန်းဖွင့်လှစ်

မုဒုံ မတ် ၂၂

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ဖိနပ်ချုပ်နည်းသင်တန်းဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲတွင်  မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ သူ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အိမ်တွင်းမှုလက်မှုပညာရပ်ကောင်းများ သင်ယူတတ်မြောက်စေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းကို အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံ)မှ နည်းပြဆရာမ ဒေါ်နွယ်အေးနွယ်က တစ်ချောင်းထိုးအပ်ဖြင့် နိုင်လွန် ချည်ဖိနပ်ထိုးနည်း၊ ကော်သုတ်ခြင်း၊ ခေါင်းစိုက်ခြင်း စသည့်သင်ခန်းစာများကို သင်တန်းသူ ၁၅ ဦးအား လေးရက်ကြာ စာတွေ့လက်တွေ့ အခမဲ့ သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

သားငယ် (ပြန်/ ဆက်)