သံဖြူဇရပ်မြို့နယ်ရှိ Puma Power စက်သုံးဆီ အရောင်းဆိုင်အား မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့်သရုပ်ပြသခြင်းပြုလုပ်
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ပူပြင်းခြောက်သွေ့သည့် နွေရာသီသို့ရောက်ရှိသဖြင့် မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် သရုပ်ပြသခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အောင်သာယာရပ်ကွက်ရှိ Puma Power စက်သုံးဆီအရောင်းဆိုင်၌ ပြုလုပ်သည်။