သထုံမြို့နယ်၌ ကမ္ဘာမြေကြီးကို ထိန်းသိမ်းစောင့်ရှောက်ကြပါစို့ ခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲပြုလုပ်
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ “ကမ္ဘာမြေကြီးကို ထိန်းသိမ်း စောင့်ရှောက်ကြပါစို့”ခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ခဲ့ကြသည်။