မွန်ပြည်နယ်

၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် အခြေခံပညာထက် ၊လယ်၊ မူစာမေးပွဲ အောင်စာရင်းများထုတ်ပြန်ထား

၂၀၂၂-၂၀၂၃ ခုနှစ်အတွက် အတန်းတင်စာမေးပွဲအောင်စာရင်းများကို မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းအသီးသီး၌ ဧပြီ ၂၇ ရက် နံနက် ၇ နာရီမှစ၍ ထုတ်ပြန်ကြေငြာပေးထားရာ ယနေ့နံနက်ပိုင်းက အ.ထ.ကကျိုက်မရောကျောင်းနှင့် အခြေခံပညာကျောင်းအသီးသီးတို့၌ အောင်စာရင်းလာရောက်ကြည့်ရှုသူ ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆွေမျိုးများဖြင့် စည်ကားလျက်ရှိသည်။

မော်လမြိုင်ခရိုင် (Community centre)ခန်းမ၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊  မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (မော်လမြိုင်ခရိုင်)တို့ပူးပေါင်း၍ အပူဒဏ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

မော်လမြိုင်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ငွေစာရင်း Solfware ရေးသွင်းနည်း သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ငွေစာရင်း Solfware ရေးသွင်းနည်း သင်တန်းကို ယမန်နေ့ နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်(ထက်၊လယ်မူ)အခြေခံပညာကျောင်း အောင်စာရင်းများ ထုတ်ပြန်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (ထက်၊လယ်မူ)အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ပညာသင်ယူ၍ စာမေးပွဲဖြေဆိုအောင်မြင်ခဲ့သော ကျောင်းသား/သူများ အောင်စာရင်းကို ဧပြီလ ၂၇ ရက်နေ့က မြို့နယ်ရှိအခြေပညာကျောင်းများတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ဆက်လက်ထိုးနှံပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လေးကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသူများအား ပဉ္စမအကြိမ် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယနေ့ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်အတွင်း သောက်သုံးရေ ပြတ်လပ်သည့် ရပ်ကွက်/ ကျေးရွာများသို့ မီးသတ်ဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များက သောက်သုံးရေများ လှူဒါန်းပေး

မွန်ပြည်နယ် မော်လမြိုင်မြို့၌ ပူပြင်းခြောက်သွေ့သော နွေရာသီတွင်‌ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် မီးသတ်ဦးစီးဌာနနှင့် ဘိုဘို၀င်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ဦးဆောင်ပြီး ရပ်ကွက်/ ကျေးရွာရှိ ရေလှောင်ကန်နှင့် နေအိမ်များသို့သောက်သုံးရေများကို လိုက်လံ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်၌ မြစိမ်းရောင် စီမံကိန်းနှင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများ သုံးသပ်ဆွေးနွေး

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နေ့လည် ၁၂ နာရီခွဲတွင် မြစိမ်းရောင် စီမံကိန်း‌ကျေးရွာဖွံ့တိုးတက်ရေး လုပ်ငန်းသုံးသပ်ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး လူတိုင်းသစ်ပင်စိုက်ပျိုးပေး အသိပညာပေး Talk Show ပြုလုပ်

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး လူတိုင်းသစ်ပင်စိုက်ပျိုးပေးခေါင်းစဥ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက်  ၉ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စားသုံးသူရေးရာကာကွယ်ရေး အသိပညာပေး(Talk Show)ဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အပူဒဏ်အန္တရာယ်ကာကွယ်ရေးအသိပညာပေး (Talk Show)ဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်