ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အပူဒဏ်အန္တရာယ်ကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

ကျိုက်ထို      ဧပြီ      ၂၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်း‌ဆေးကုဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက အပူဒဏ်အန္တရာယ်ကာကွယ်ရေး  အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန်းသန်းမော်က နွေရာသီတွင် ပြည်သူများကြုံတွေ့ ခံစားနေရသည့်အပူဒဏ်အန္တရာယ်ကို ကာကွယ်နိုင်စေရန် လိုက်နာရမည့်နည်းလမ်းများကို ပြည်သူများသိရှိစေရန်ရည်ရွယ်ပြီး Talk Show အစီအစဉ်ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဆေးခန်းမှူးဒေါ်အေးမြတ်မွန်စိုးက အပူဒဏ်ကြောင့်ဖြစ်ပွားနိုင်သည့်ရောဂါများ၊ အပူဒဏ်ကိုကြိုတင်ကာကွယ်နိုင်မည့်နည်းလမ်းများ၊ သတိပြုရမည့်အပူဒဏ်အန္တရာယ်များ၊ အပူဒဏ်ကြောင့်မလိုလားအပ်သော အကျိုးဆက်များမဖြစ်ပေါ်စေရေးလိုက်နာရမည့်အချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလိုအပူဒဏ်အန္တရာယ်ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် နံရံကပ်စာစောင် ပြသခြင်းများဖြင့် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်