ဘီးလင်း ဧပြီ ၂၅
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက “အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေး” အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို Online အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ် ၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။ ထို့နောက် ဘီးလင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီဝင်းက ကျား၊မအခြေပြုအကြမ်းဖက်မှူ၏ အဓိပ္ပါယ် ၊အကြမ်းဖက်မှုကို အများဆုံးကျူးလွန်သူနှင့် ကျူး လွန်သည့်နေရာများ ကျား၊ မ၊ အခြေပြု အကြမ်းဖက်မှု အမျိုးအစားများ အကြမ်းဖက်မှုကိုဖြစ်စေသည့် အကြောင်းအရာနှင့် အကျိုးသက်ရောက်မှုများ၊ အကြမ်းဖက်မှု ဖြစ်ပေါ် လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ကျား၊ မ အခြေပြု အကြမ်းဖက်မှုနှင့် ပတ်သက်၍ လူမှဝန်ထမ်းဦးစီးဌာန အနေဖြင့် ဆောင်ရွက်ပေးနေမှု အခြေအနေများကို အကျယ် တဝင့်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလို “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေး” အသိပညာပေး (Talk Show) ဆွေးနွေး ပွဲ အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်း အပါအဝင် နံရံကပ်စာစောင် ပြသခြင်းများဖြင့် ပြည်သူအသိ ပညာပေးဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထူးနောင် (ပြန်/ ဆက်)