မော်လမြိုင်မြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့်ဌာနဆိုင်ရာများအရောက် စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေး

မော်လမြိုင် ဧပြီ ၂၅

မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက် မပျက်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန် ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library  Bus) ဖြင့် ယနေ့ နံနက်ပိုင်းက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ သမ၀ါယမစာရင်း ကိုင်သက်‌မွေးပညာသင်တန်း‌ကျောင်းနှင့် စက်မှုကြီးကြပ်‌ရေးဦးစီးဌာနသို့ သုတရသ စာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။  

ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာ ဗဟုသုတများစွာ ရရှိမည့် သုတ/ ရသ စာအုပ် စာစောင်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ် များကို ရက်သတ္တနှစ်ပတ်လျှင်တစ်ကြိမ် လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့် (ခရိုင်ပြန်/ ဆက်)