ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော် ရှင်မြတ်ဘုရားကြီးတွင် ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်ခြင်းအခမ်းအနား ကျင်းပ
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကျင်းပပြုလုပ်သော ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး အထက်ပစ္စယံ ဂုဏ်တော်ကိုးပါးရှိ စနေဒေါင့်မှ ဗုဒ္ဓရုပ်ပွားတော်မြတ်အားရွှေစင်/ရွှေပြားများကပ်လှူပူဇော်ခြင်းနှင့် ရွှေကြာသင်္ကန်းကပ်လှူပူဇော်ခြင်း ရေစက်ချခြင်းအခမ်းအနားကို မတ် ၂ ရက်နေ့နံနက်ပိုင်းက ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီးကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။