ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော် ရှင်မြတ်ဘုရားကြီးတွင် ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်ခြင်းအခမ်းအနား ကျင်းပ

သံဖြူဇရပ် မတ် ၂

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကျင်းပပြုလုပ်သော ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး အထက်ပစ္စယံ ဂုဏ်တော်ကိုးပါးရှိ စနေဒေါင့်မှ ဗုဒ္ဓရုပ်ပွား​တော်မြတ်အားရွှေစင်/ရွှေပြားများကပ်လှူပူဇော်ခြင်းနှင့် ရွှေကြာသင်္ကန်းကပ်လှူပူဇော်ခြင်း ရေစက်ချခြင်းအခမ်းအနားကို မတ် ၂ ရက်နေ့နံနက်ပိုင်းက ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီးကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရာကန်တော့ဖွင့်လှစ်ပြီး၊ အခမ်းအနားသို့ ကြွရောက်တော်မူလာကြသော ဆရာတော်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကာ်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြတ်ဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ဝေး/ရပ်နီးအလှူရှင်များမှ ကျိုက္ခမီအလယ်ကြောင်းတိုက်၏ဦးစီးပဓာန နာယကဖြစ်တော်မူသော နိုင်ငံတော်သြဝါဒစရိယဆရာတော် ဘဒ္ဒန္တနန္ဒသာရ ထံမှငါးပါးသီလခံယူကာ ရေစက်ချအမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် ဆရာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)