မုဒုံမြို့ရှိ ကန်ကလေးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပ

မုဒုံ မတ် ၂

မွန်ပြည်နယ်မုဒုံမြို့ရှိ ဆံတော်ရှင်ကန်ကလေးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို တပေါင်းလပြည့်နေ့ ယနေ့နံနက် ၉ နာရီက ကန်ကလေးကန်အတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အဆိုပါ လှေလှော်ပြိုင်ပွဲတွင် မြို့ပေါ်လှေလှော်အသင်း () သင်း၊ ကျေးရွာလှေလှော်အသင်း (သင်း၊ စုစုပေါင်း လှေလှော်အသင်း (၁၁)သင်းက ပါဝင်ယှဥ်ပြိုင် လှော်ခတ်သွားမည်ဖြစ်ပြီး ပထမပွဲစဥ်အဖြစ် ချစ်ရေလှိုင်းလှေလှော်အသင်းနှင့် နိုင်ပန်းအောင် လှေလှော်အသင်းတို့က ယှဥ်ပြိုင်ကြသည်။

ဗိုလ်လုပွဲစဥ်နှင့် ဆုပေးပွဲအခမ်းအနားကို ညနေပိုင်းတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး မြို့ပေါ်အသင်းများအား ပထမဆု ()သိန်း၊ ဒုတိယ ()သိန်း၊ တတိယဆု ()သိန်း၊ စတုတ္ထဆု ()သိန်း၊ ကျေးရွာအသင်းများအား ပထမဆု ()သိန်း၊ ဒုတိယဆု ()သိန်း ()သောင်း၊ တတိယဆု ()သိန်း ()သောင်းနှင့် တံခွန်စိုက်ဒိုင်းဆုများ၊ အထူးဆုများကို အသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

ရာမည (ပြန်/ဆက်)