ပေါင် မတ် ၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့၌ ရပ်ဝေးရပ်နီးမှ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိသည်။
ပေါင်မြို့နယ်တွင် နှစ်စဉ်တပေါင်းလပြည့်နေ့ရောက်တိုင်း မြို့နယ်အတွင်းရှိဒေသခံပြည်သူများမှာ ဘုရားကျောင်းကန်များ၌ ဘာဝနာတရားပွားများခြင်း၊ ကုသိုလ်ပြုခြင်း၊ စားသောက်ဖွယ်ရာမျိုးစုံတို့ကို စေတနာထက်သန်စွာ စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်းတို့ကို အေးချမ်းပျော်ရွှင်စွာ ပြုလုပ်လေ့ရှိကြသည်။
အဆိုပါနေ့တွင် ပေါင်မြို့နယ်အတွင်ရှိ ရွှေတိဂုံဖူးမြော်စေတီ၊ ဆံတော်ရှင်ကျိုက်ပေါင်းစေတီ၊ ထန်းပင်ချောင်ကြီးကျေးရွာရှိ ဗုဒ္ဓဂါယာမဟာဗောဓိစေတီတော်နှင့် အခြားသောဘုရား၊ စေတီ၊ ပုထိုးတို့၌ ဘုရားဖူးပြည်သူများက ပန်းရေချမ်း ဆီမီးများကပ်လှူခြင်း၊ ရေသပ္ပါယ်ခြင်း ဘာဝနာ တရားပွားများခြင်းတို့ကို အေးချမ်းစွာပြုလုပ်ကြပြီး စေတနာရှင်မြို့ခံအလှူရှင်များက ဘုရားဖူးလာသည့် ဧည့်သည်များအား စေတနာထက်သန်စွာဖြင့် မွန်ရိုးရာအစားအသောက်များဖြင့် စတုဒီသာများ ဧည့်ခံကျွေးမွေးလျက်ရှိကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)