ဘီးလင်း ဇူလိုင် ၂၆
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရပ်ကွက်ကျေးရွာများရှိ နေအိမ်များသို့ ရေကြီးရေလျှံမှုဖြစ်ပွားကာ ရေဘေးသင့်ပြည်သူများအား ဘေးရှောင်စခန်း(၁၃)ခုဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။
ဘီးလင်းမြစ်ရေသည် ယနေ့နံနက်ပိုင်းတွင် ဘီးလင်းမြစ်၏ စိုးရိမ်ရေအမှတ် (၁၀၂၂) စင်တီမီတာအထက် (၈၂) စင်တီမီတာကျော်လွန်၍ (၁၁၀၇) စင်တီမီတာသို့ ရောက်ရှိလာသည့်အတွက် မြို့ပေါ်ရပ်ကွက် (၄) ခုနှင့် ကျေးရွာ (၆) ရွာ တို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ရာ ရေဘေးသင့်ဒေသမှ ပြည်သူများအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏စီစဥ်မှုဖြင့် တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များက ယာယီရေဘေးရှောင်စခန်း (၁၃) ခုသို့ အိမ်ထောင်စု (၉၁၁) စု မှ ကျား (၁၇၄၀)ဦး၊ မ(၁၈၈၆)ဦး၊ စုစုပေါင်း (၃၆၂၆) ဦး တို့အား ပြောင်းရွှေ့နေရာချထားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)