ပေါင်မြို့နယ်၌ သက်သာသော‌ဈေးနှုန်းများဖြင့် အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ

ပေါင် ဇူလိုင်လ ၂၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သက်သာသောစျေးနှုန်းများဖြင့် အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ယနေ့နံနက် (၆) နာရီက ကဒါရပ်ကွက်၊ မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်စည်များဖြစ်သည့် အမဲသားတစ်ပိသာ (၁၅၀၀၀) ကျပ်၊ ဝက်သားတစ်ပိသာ (၁၅၀၀၀) ကျပ်၊ ဆန် (၁) ပြည် (၃၂၀၀) ကျပ်၊ ဆီတစ်ပိသာ (၆၂၀၀) ကျပ်၊ ကြက်ဥ (၁၀) လုံး (၂၅၀၀) ကျပ် စသည်တို့ကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စျေးရောင်းချခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသံမရောင်၊ အဖွဲ့ဝင်ဦးကျော်လင်းဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် စျေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမူးများက သက်သာချောင်ချိရေးဆိုင်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)