မွန်ပြည်နယ်

မုဒုံမြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် မဲရုံသုံးပစ္စည်းများထုတ်ပေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ် အပိုင်း(၂) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက် ၈ နာရီကစတင်၍ ရွှေဟင်္သာခန်းမ၌ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မော်လမြိုင်မြို့ မဟာမြိုင်ပရိယတ္တိစာသင်တိုက် ဓမ္မဇာလကျောင်းတော် စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မြန်မာနိုင်ငံရှိ ပြည်သူလူထုအခြေပြုစာကြည့်တိုက်များ ရေရှည်တည်တံ့ရှင်သန်စေရန်နှင့် အရည်အသွေးပြည့်မီသော စာကြည့်တိုက်ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် စာကြည့်တိုက်မှူးများအား လစဉ်လစာထောက်ပံ့ကြေးပေးအပ်နိုင်ရန်၊ စာဖတ်သူဦးရေနှင့် စာအုပ်များ ပိုမိုတိုးတက်လာစေရန်အတွက် တွန်းအားပေးနိုင်ရန်ရည်ရွယ်ချက်၍ ဓမ္မဇာလ ကျောင်းတော်မှကြီးမှူး ကျင်းပပြုလုပ်သော ပြည်နယ်အတွင်း စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မဟာမြိုင်ပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဆရာတော်သံဃာတော် အရှင်သူမြတ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မွန်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ပြည်နယ်စာကြည့်တိုက် ဖောင်ဒေရှင်းဥက္ကဋ္ဌနှင့်အလှူရှင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်စုံစေရန် လူငယ်စကားဝိုင်းကျင်းပ

ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ပြည့်စုံ စေရန် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျိုက်မရောမြို့နယ် နိတုံကျေးရွာအ.လ.က(ခွဲ)နိတုံ ကျောင်း ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်နယ်လှည့်စာကြည့်တိုက်အသိပညာပေးဟောပြောခြင်းနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီက (အမက) ကျွဲခြံကျောင်း‌‌၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာ မူလတန်းလွန်ကျောင်း၊ ထူးချွန်ဆုများချီးမြှင့်ပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ထူးချွန်ဆုများချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။

ဘီးလင်းမြို့နယ်တွင် မဲရုံတာဝန်ကျသူများ ကြိုတင်ဆန္ဒမဲပေးနေမှုများအား ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ဇန်နဝါရီ ၁၁ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုမဲရုံမှူး၊မဲရုံအဖွဲ့ဝင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ဆရာမများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး နေမှုများကို ယနေ့နံနက်ပိုင်းက သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်၌ မဲပေးစက်များကိုင်တွယ်အသုံးပြုနည်း( မွမ်းမံ) သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)၌ ပါဝင်သည့် ဘီးလင်းမြို့နယ်၏ MEVM မဲပေးစက်များ ကိုင်တွယ်အသုံးပြုနည်း( မွမ်းမံ) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က (ဘီးလင်း)ကျောင်း ပညာအားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက (အမက) ကဒါစျေးကျောင်း‌‌၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မော်လမြိုင်တက္ကသိုလ်မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်

၂၀၂၅-၂၀၂၆ ပညာသင်နှစ် မော်လမြိုင်တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်၌ လယ်ယာဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသော လယ်/ထွေသမဝါယမအသင်းလီမိတက်မှ အမှုဆောင်များနှင့် အသင်းသားများအားတွေ့ဆုံ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေးအတွက် မွန်ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ခင်မာအေးနှင့်တာဝန်ရှိသူ များက နိုင်ငံတော်ဘတ်ဂျက် ၅၀ ရာခိုင်နှုန်း ထောက်ပံ့ငွေဖြင့် လယ်ယာဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေသော ကျိုက်မရောမြို့နယ်နတ်စမ်းစံပြကျေးရွာရှိ အာရုဏ်ဦး လယ်/ ထွေသမဝါယမအသင်းလီမိတက်မှ အမှုဆောင်များနှင့် အသင်းသားအားတွေ့ဆုံပွဲကို ယမန်နေ့က ကျိုက်မရောမြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်