ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့်နှင့်မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်‌သင်တန်းဆင်းပွဲကျင်းပ

ကျိုက်ထို မေ၂၂

မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအလယ်တန်းနှင့်မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဆင်းပွဲကို မေလ ၂၀ ရက်နေ့၊မွန်းလွဲ ၂ နာရီတွင် ကျိုက်ထိုမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဦးမောင်ညိုက သင်တန်းတွင်ဆွေးနွေးသင်ကြားခဲ့သည့် ဘာသာရပ်များနှင့်ပတ်သက်၍မှာကြားပြီး တက်ရောက်လာသည့်ဆရာ၊ဆရာမများက သိရှိလိုသည့်အကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးစေခဲ့သည်။

အဆိုပါသင်တန်းကို မေလ ၁၈ ရက်နေ့မှမေလ ၂၀ ရက်နေ့ထိဖွင့်လှစ်ခဲ့ပြီး အလယ်တန်းအဆင့်သင်တန်းသား(၇၇)ဦးနှင့် မူလတန်းအဆင့်သင်တန်းသား(၂၅၇)ဦး တက်ရောက်ခဲ့ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ဝင်းမောင်