ပေါင်မြို့နယ်သစ်တောဦးစီးဌာန၌ ၂၀၂၅ခုနှစ် လူထုဖြန့် မိုးရာသီသစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း ( ၂၅၀၀၀ ) ကျော် ပျိုးထောင်ထားရှိ

ပေါင် မေ ၂၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ် သစ်တောဦးစီးဌာန၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစို‌ပြေစေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ် မိုးရာသီတွင် လူထုဖြန့်စိုက်ပျိုးရန်  ကျွန်း၊ ပျဥ်းကတိုး၊ စိန်ပန်းကြီး၊ မန်ဂျန်ရှား၊ မဟော်ဂနီစသည့် ပျိုးပင်ပေါင်း ( ၂၅၀၀၀)ပင်ကို နည်းလမ်း(၉)သွယ်ဖြင့် ဖြန့်ဝေစိုက်ပျိုးသွားရန် ပျိုးထောင်ထားရှိကြောင်း သိရသည်။

ပေါင်မြို့နယ်သစ်တောဦးစီးဌာနမှ ရာသီဥတု ပူပြင်းလာခြင်း၊ မိုးခေါင်ခြင်းစသော သဘာဝဘေးဖြစ်စဉ်များကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်သွားနိုင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် နှစ်စဉ်မိုးရာသီတွင် သစ်ပင်များတစ်နိုင်တစ်ပိုင်  စိုက်ပျိုးပြုစုထိန်းသိမ်းသွားစေလိုကြောင်း ပေါင်မြို့နယ် တာဝန်ခံတောအုပ်ကြီး ဦးဇော်လွင်ဦး၏ ပြောကြားချက်အရ သိရသည်။

မွန်မလေး(ပြန်/ဆက်)