သံဖြူဇရပ်မြို့၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ စတင်ထုတ်ပေး

သံဖြူဇရပ် မေ ၂

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို မေ ၂၁ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိပြီး နေ့စဥ် နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီအထိ ထုတ်ပေးလျက်ရှိသည်။

အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေးရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် လိုအပ်သည့် အထောက်အထားများဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ကိုယ်စားလှယ်ဖြင့် ထုတ်ယူလိုပါက ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ခံများက စာရင်းဖြည့်သွင်းခြင်းများ ဆောင်ရွက်ပေးပြီး ပင်စင်လစာငွေများအား အလှည့်ကျစနစ်ဖြင့် ထုတ်ပေးခြင်း၊ အသက်အရွယ်ကြီးရင့်သူများ အခက်အခဲမရှိစေရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ပင်စင်လစာထုတ်ပေးသည့် ရက်မှစ၍ ၃ ရက်တိုင်တိုင် မြို့နယ်ပြည်သူ့ဆေးရုံတွင်ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိသည်။

သံဖြူဇရပ်မြို့နယ်တွင် အငြိမ်းစား ဦးရေ ၁၆၀၀ ခန့်ရှိပြီး တစ်နေ့လျှင် ၂၅၀ ဦးခန့် ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)