ချင်းပြည်နယ်

ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ယ‌နေ့နံနက် ၉ နာရီမှစ၍ ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံ၌ စတင်ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းစီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို မြို့အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးကျင်လမ်းခိုင်နှင့် တွေ့ဆုံမေးမြန်း

ရိရေကန်ဘေးပတ်လည်ရှိ လယ်မြေများအား မိုးရေရရိမှုနည်းပါးခြင်းကြောင့် လယ်ထွန်ယက်ရာတွင် အခက်ကြုံနေရသော်လည်း ဇူလိုင်လနှောင်းပိုင်းတွင် လယ်စပါးများစိုက်ပျိုးနိုင်

မိုးရေကိုသာအဓိက အားကိုးအားထားပြီး မိုးကောင်းလယ်မြေများဖြစ်သည့် အသည်းနှလုံး ပုံသဏ္ဍာန်ရှိ ရိရေကန်အနီး လယ်မြေများအား မိုးဦးကာလ မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် လယ်ထွန်ယက်ရာတွင်အခက်ကြုံနေရသော်လည်း ယခုအခါမိုးရေရရှိလာပြီး လယ်စပါးများ စိုက်ပျိုး နိုင်ကြောင်း သိရသည်။ 

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ခိုင်ကမ်း မြို့ ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းကို ချင်း/ မြန်မာ နှစ်ဘာသာဖြင့် ဆောင်ရွက်

တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများရှိလာသဖြင့် မြို့ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး ဦးဆောင်မှုဖြင့် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့မီးသတ်တပ်ဖွဲ့များ ၊Social Action For Communities Changes(SACC) တို့ပူးပေါင်းကာ ခိုင်ကမ်းမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းကို ချင်း / မြန်မာနှစ်ဘာသာဖြင့် မြို့ပေါ်ရပ်ကွက် များ တွင် ယနေ့ မနက် ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် ဆက်လက် ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

ရိခေါ်ဒါရ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာများ ရပ်ကွက်အတွင်း အသိပညာ ပေး လှည့်လည် ဆော်သြ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ပြည်သူများထံ အသိပညာ ပေး လှည့်လည် ဆော်သြခြင်းကို ယနေ့ နံနက် ၇ နာရီမှ ၁၀ နာရီအထိ ရိခေါ်ဒါရ်မြို့၊ မြို့ပေါ် ရပ်ကွက် (၂)ခုအတွင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၁၀) ဦးထပ်မံတွေ့ရှိ၊ ၁၉ ဦး ပြန်လည်ကျန်းမာလာ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၂၇ ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် (၁၀) ဦး ထပ်မံတွေ့ရှိပြီး (၁၉)ဦး ပြန်လည်ကျန်းမာလာကြောင်း သိရသည်။

တွန်းဇံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ပေးလျက်ရှိ

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ၂၀၂၁ ခုနှစ်၊ ယမန်နေ့ ညနေ(၃)နာရီ အချိန်တွင် မြို့တွင်းလှည့်လည် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါသံသယရှိသူ ၈၂ ဦးစစ်ဆေးရာမှာ ၂၁ ဦးထံမှ ရောဂါပိုးတွေ့ရှိ

ချင်းပြည်နယ်၊ ထန်တလန်မြို့၊အမှတ်(၂)ရပ်ကွက်၊ TBC ဘုရားကျောင်း၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ အ‌ရေးပေါ်တုံ့ပြန်‌ရေးနှင့်ထိန်းချုပ်ရေးကော်မတီ၊ ဘာသာရေးခေါင်းဆောင် များနှင့် အရပ်ဘက်လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်း၍ ယမန်နေ့ ကိုဗစ်-၁၉ ရောဂါသံသယရှိသူ(၈၂)ဦးတို့အား ကိုဗစ်- ၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးခဲ့ရာ (၂၁)ဦးထံမှ ရောဂါပိုးတွေ့ရှိရ‌ကြောင်း သိရသည်။

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးအပါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ဟားခါးမြို့ ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to ချင်းပြည်နယ်