ချင်းပြည်နယ်

ဟားခါးမြို့တွင်  ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု  မရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို  အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော် 

ချင်းပြည်နယ်၊  ဟားခါးမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်ဉီးစီးဌာနတို့ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များအတွင်းသို့  အသံချဲ့စက်ဖြင့် လှည့်လည်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများ လိုက်လံအသိပေးနိုး‌ဆော်ခဲ့ကြောင်း သိရသည်။  

ချင်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင် ချင်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်သည် ယမန်နေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ချင်းပြည်နယ် Coronavirus Disease 2019 ( COVID-19 ) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခိုင်ကမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များရှိလာသဖြင့် မြို့ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် မြို့မီးသတ်တပ်ဖွဲ့များ ပူးပေါင်း ကာ ခိုင်ကမ်းမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို မြို့ပေါ် ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဖလမ်းမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးနှိုးဆော်ချက်များ လိုက်လံ ကြေညာနှိုးဆော်ခြင်းကို ယမန်နေ့က ဌာနဆိုင်ရာများ ပူးပေါင်းကာ ဖလမ်းမြို့အတွင်း လိုက်လံအသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီး Oxygen Plant ၊ Oxygen Plant ထားရှိမည့် အဆောက်အဦနှင့် Oxygen ဘူး ရရှိနိုင်ရေး ဆွေးနွေးဆုံးဖြတ်

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်း အဝေးခန်းမ၌ ပြုလုပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ကောင်စီဝင်များ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူးနှင့် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါ သံသယရှိသူ ၆၅ ဦး စစ်ဆေးရာမှာ ၁၀ ဦး ရောဂါပိုးတွေ့ရှိ

ချင်းပြည်နယ်၊ ထန်တလန်မြို့၊ အမှတ်(၂)ရပ်ကွက်၊ TBC ဘုရားကျောင်း၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်‌ရေးကော်မတီ၊ ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ သံသယ ရှိသူ(၆၅)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၁၀)ဦးထံမှ ရောဂါပိုး တွေ့ရှိရ‌ကြောင်း သိရသည်။

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၃ ဦး ထပ်မံတွေ့ရှိ ပြီး ရောဂါပိုးတွေ့ရှိသူပေါင်း (၃၀၀)ဦးရှိ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့ အစည်း များ၊ Volunteer အဖွဲ့များ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ သံသယ ဖြစ်သူများအား RDT (Test Kit)ဖြင့် စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၃ ဦး ထပ်မံတွေ့ရှိ ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ချင်းပြည်နယ် စီမံအုပ်​ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များက ဟားခါးမြို့ အ.ထ.က (၃) ကျောင်း Quarantine Centre နှင့် ပြည်သူ့ဆေးရုံကြီး

ချင်းပြည်နယ် စီမံအုပ်​ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင် ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ကောင်စီဝင်များ နှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးတို့သည့် ဇူလိုင်လ ၁၇ ရက် ယနေ့နံနက် ၁၀ နာရီတွင် ဟားခါးမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း Quarantine Centre သို့ သွားရောက်ပြီး လူ (၆၆) ဦး Qurantine ထားရှိနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက် စစ်ဆေးသည်။

ရိခေါ်ဒါရ်မြို့ ဌာနဆိုင်ရာရုံးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ထားမှုအခြေအနေစစ်ဆေးပြီး ရောဂါ ကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်းများ လှူဒါန်းပေး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ ဌာနဆိုင်ရာရုံးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ထားရှိမှု အခြေအနေစစ်ဆေးခြင်းနှင့် ရောဂါကာကွယ် ရေးလုပ်ငန်းသုံး ပစ္စည်းများ လှူဒါန်းပေးခြင်းကို ယမန်နေ့က လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၁၅ဦး ထပ်မံတွေ့ရှိ

ချင်းပြည်နယ်၊ ထန်တလန်မြို့၊အမှတ်(၂)ရပ်ကွက်၊ TBC ဘုရားကျောင်း၌ မြို့နယ်ကိုဗစ်-၁၉ရောဂါအ‌ရေးပေါ် တုံ့ပြန်‌ရေး နှင့်ထိန်းချုပ်ရေးကော်မတီ၊ ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်း တွင် ကိုဗစ်-၁၉ ရောဂါသံသယရှိသူ(၆၂)ဦးတို့ အား ကိုဗစ်- ၁၉ ရောဂါပိုးရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၁၅)ဦးထံမှ ရောဂါပိုးတွေ့ရှိရ‌ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်