ဟားခါး ဇူလိုင် ၂၈
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၂၇ ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် (၁၀) ဦး ထပ်မံတွေ့ရှိပြီး (၁၉)ဦး ပြန်လည်ကျန်းမာလာကြောင်း သိရသည်။
ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ဟားခါးမြို့နယ်တွင် ပိုးတွေ့လူနာ (၃၂၆)ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၂၃၀) ဦး၊ သေဆုံးသူ (၈)ဦး၊ ဆေးကုသမှုခံယူဆဲ (၈၈) ဦးရှိသွားပြီဖြစ်သည်။ ယမန်နေ့က ဆေးကုသမှုခံယူသူ(၉၇) ဦးရှိရာမှ ယနေ့တွင် (၈၈) ဦးရှိလာသဖြင့် ဆေးကုသမှု ခံယူသူ ဦးရေမှာ တစ်ရက်အတွင်း (၉)ဦး လျော့နည်းလာပြီဖြစ်ကြောင်း သိရသည်။