ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ဟားခါးမြို့ရှိ ဝမ္မသူးမောင်အားကစားကွင်းနှင့် ကီယိုမန်းအားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဦးစိန်ထွန်းလှနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဟားခါးမြို့ရှိ ဝမ္မသူးမောင်အားကစားကွင်း မီတာ (၄၀၀) Synthetic ပြေးလမ်းခင်းခြင်းလုပ်ငန်း၊ ကီယိုမန်း အားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ပြည်သူ့ဆေးရုံဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင် စက်ရုံတည်ဆောက်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။