ရိခေါ်ဒါရ် သြဂုတ် ၃၁
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ တာဝန်ထမ်းဆောင်သည့် နိုင်ငံ့ဝန်ထမ်း၊ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် ရိခေါ်ဒါရ်မြို့တိုက်နယ်ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာစန်းမာနှင့် သူနာပြုဆရာမများက ထိုးနှံပေးခြင်းဖြစ်ပြီး ဩဂုတ်လ ၂ ရက်က ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့သည့် နိုင်ငံ့ဝန်ထမ်းများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကာကွယ်ဆေးထိုးပြီးပါက မိနစ်(၃၀)ကြာ စောင့်ကြပ် ကြည့်ရှုခြင်းများ ဆောင်ရွက်ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများအား ကာကွယ်ဆေးထိုးနှံခြင်းမှတ်တမ်းကတ်ပြားနှင့် ဆေးဝါးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးရာတွင် အမျိုးသား (၂၁)ဦး၊ အမျိုးသမီး (၅)ဦး၊ စုစုပေါင်း (၂၆)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သောမတ်