မင်းတပ် စက်တင်ဘာ ၄
ချင်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို မင်းတပ်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်းတိုက်တွင် ယနေ့နံနက် (၁၁)နာရီခွဲ အချိန်တွင် ကျင်းပသည်။
အခမ်းအနားတွင် မင်းတပ်မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဌ၊ ဗဟိုသာသနာပြုကျောင်းတိုက်၏ ဦးစီးပဓါန နာယက ဆရာတော် (မဟာသဒ္ဓမဇောတိကဓဇ) ဘဒ္ဒန္တခေမိန္ဒထံမှ ငါးပါးသီလ ခံယူ ဆောက်တည် ခဲ့ကြသည်။ ဆက်လက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့မှ မင်းတပ်မြို့နယ် ကျောင်းတိုက် (၇၄)ကျောင်းတွင် သီတင်းသုံးလျက်ရှိသည့် သံဃာ(၁၄၅)ပါး နှင့် သီလရှင်(၇)ပါးအတွက် တစ်ပါးလျှင် ကျပ်(၁၈၀၀၀) နှုန်းဖြင့် လည်းကောင်း မင်းတပ်မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတွင် သီတင်း သုံးလျက်ရှိသည် သံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်းများ ပြည့်စုံမှု ရှိစေရေးအတွက် ဆန်(၁၅)အိတ်၊ ဆီ(၁၅)ပိဿာ၊ ဆား(၁၅)ပိဿာ၊ ကြက်သွန်နီ(၁၅)ပိဿာ Mask(၁၅)ဗူးနှင့် Hand Gel(၁၅)ဗူး တို့ကို ချင်းပြည်နယ်အစိုးရအဖွဲ့မှ ကိုယ်စား စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်မြတ်ထွန်းနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။ ဆက်လက်၍ ခရစ်ယာန် ဘာသာရေး ကျောင်းများရှိ သင်းအုပ်ဆရာတော် (၂၂၀)ပါးအတွက် တစ်ပါးလျှင်(၁၈၀၀၀/-) နှုန်းဖြင့် ချင်းပြည်နယ် အစိုးရအဖွဲ့မှ ကိုယ်စား စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်မြတ်ထွန်းနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့တို့က သွားရောက်ဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။ ချင်းပြည်နယ်အစိုးရအဖွဲ့မှ မင်းတပ် မြို့နယ်တွင် သံဃာတော်(၁၄၅)ပါးနှင့် သီလရှင်း(၇)ပါး၊ ဘာသာရေးသင်းအုပ်ဆရာ(၂၂၀)ပါးအတွက် လှူဒါန်း ငွေကျပ်(၆၆၉၆၀၀၀/-)၊ ဆန်(၁၅)အိတ်၊ ဆီ(၁၅)ပိဿာ၊ ဆား(၁၅)ပိဿာ၊ ကြက်သွန်နီ (၁၅)ပိဿာ Mask(၁၅)ဗူးနှင့် Hand Gel(၁၅)ဗူးဖြစ်ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)