လိပ်သိုမြို့တွင် ကတက်ပင်များ စိုက်ပျိုးထိန်းသိမ်းထားခြင်းဖြင့် မိသားစုအထောက်အကူပြု
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအများအပြားမှ ဒေသခံများမှာ ကတက်ပင်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားလျက်ရှိကြရာ ယခုအချိန်တွင် ကတက်ရွက်နုများ စတင်ထွက်ရှိလာချိန် ဆွတ်ခူးပြီး အချဉ်တည်ကာ ရောင်းချခြင်းဖြင့် မိသားစုအထောက်အကူပြုလျက်ရှိနေကြောင်း သိရသည်။