ကေ့ာကရိတ် ဩဂုတ် ၁၅
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းအမှတ်စဉ် (၃/၂၀၂၅) ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီ ၃၀ မိနစ်တွင် ကော့ကရိတ်မြို့ ဒေါနခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်က အမှာစကားပြောကြားပြီး ခရိုင်ကော်မရှင်ဦးစီးအရာရှိ ဦးဖြိုးဝေကျော်က မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုရသည့် ရည်ရွယ်ချက်များနှင့် နည်းစနစ်များကို ပယ်မဲမရှိ တိကျမှန်ကန်စွာ ကိုင်တွယ်အသုံးပြုနိုင်စေရေးအတွက် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြများမှ မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ရာ မြို့နယ်အတွင်းရှိသင်တန်းသား ဆရာ/ ဆရာမ (၅၈)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဩဂုတ်လ ၁၅ ရက်နေ့မှ ဩဂုတ်လ ၁၆ ရက်နေ့ထိ ပို့ချသွားမည် ဖြစ်သည်။
အဆိုပါသင်တန်းဖွင့်ပွဲကို ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်သား ဆရာ/ဆရာမများ၊ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)