ဘားအံမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဌာနတွင်းမွမ်းမံသင်တန်းဖွင့်လှစ်

ဘားအံ ဩဂုတ် ၁၄

ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများတာဝန်ထမ်းဆောင်ရာ၌ စွမ်ဆောင်ရည်မြင့်မားစေရန်နှင့် ဌာနမှချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများ ၊ လုပ်ထုံး လုပ်နည်းများ၊ မူဝါဒ၊ မဟာဗျူဟာများ သိရှိနားလည်စေရန် ရည်ရွယ်၍  ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဌာနတွင်း မွမ်းမံသင်တန်းကို ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ် ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဋ္ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွေးနန္ဒာဖြိုးက အမှာစကားပြောကြားပြီးနောက် ဆက်စပ်ဋ္ဌာနများဖြစ်သည့်  ပြည်နယ်စိုက်ပျိုးရေးဦးစီးဋ္ဌာန၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန၊ ပြည်နယ်သစ်တောဦးစီးဌာနတို့မှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ပြည်နယ်အတွင်း ဋ္ဌာနမှခွင့်ပြုမိန့်ထုတ်ပေးထားသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပို့ချခဲ့ရာ သင်တန်းသား/ သင်တန်းသူ ၂၅ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)