သံတောင်ကြီးမြို့တွင် မြေပြိုဘေးကြောင့်ပျက်စီးခဲ့သည့်နေအိမ်(၈)လုံးနှင့်သေဆုံးသူ ဒဏ်ရာရသူများ၏ မိသားစုဝင်များအားထောက်ပံ့

သံတောင်ကြီး ဩဂုတ်  ၁၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဩဂုတ်လ(၅)ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့်မြေပြိုကျမှုနှင့် တောင်ကျချောင်းရေနှင့်အတူ နှုန်းမြေများတိုက်စားမှုဖြစ်ပေါ်၍ လူနေအိမ် (၈)လုံး သေဆုံးသူ(၈)ဦးနှင့် ဒဏ်ရာရသူများ၏ မိသားစုဝင်များအားဘေးအန္တရာယ်ဆိုင်ရာ စီမံခန်းခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်‌နေ့နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းဗိုလ်ကအမှာ စကားပြောကြားပြီးထောက်ပံ့ပေး အပ်ခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြေပြိုကျမှုကြောင်း  လုံးဝပျက်စီးသည့်  နေအိမ် (၇)လုံးအတွက် အိမ်ဆောင်ပစ္စည်း တန်ဖိုး ငွေ(၈၅၀၀၀၀)ကျပ် မိသားစုဝင်များအား ဆန်ရိက္ခာဖိုးငွေ (၈၀၀၀၀)ကျပ်နှင့်ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုးပါ ပုံး(၇)ပုံး၊  တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်တစ်လုံးအတွက်  အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေ(၅၀၀၀၀)ကျပ်၊ မိသားစုဝင်များအား ဆန်ရိက္ခာဖိုးငွေ (၂၀၀၀၀)ကျပ်၊ သေဆုံးသူ(၈)ဦး အတွက် တစ်ဦးလျှင်(၃၀၀၀၀၀)ကျပ်နှုန်း ဖြင့်ထောက်ပံ့ငွေ   (၂၄၀၀၀၀၀)ကျပ်  စုစုပေါင်းနေအိမ် (၈)လုံးနှင့် သေဆုံးသူ (၈) ဦးအတွက် ထောက်ပံ့ငွေ (၃၄၀၀၀၀၀) ကျပ်တို့အား မြို့နယ် အုပ်ချုပ်‌ရေးမှူး ဦးဆန်းဗိုလ်မှ ကာယကံရှင်များနှင့်  မိသားစုဝင်များထံ လက်ဝယ်ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။                                                                             

နော်နော်မူ