သံတောင်ကြီးမြို့ မြေပြိုဘေးသင့် ဒေသခံများအတွက် လိပ်သိုဒေသခံပြည်သူများ အလှူငွေပေးအပ်        

လိပ်သို ဩဂုတ်  ၁၈

ကရင်ပြည်နယ် သံတောင်ကြီးမြို့တွင် ဩဂုတ်၅ရက်က မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြေပြိုကျမှုနှင့် တောင်ကျချောင်းရေနှင့်အတူ နုန်းမြေများတိုက်စားမှုဖြစ်ပေါ်၍ လူနေအိမ်များနှင့် ထိခိုက်ဒဏ်ရာရသေဆုံးသူများအတွက် လိပ်သိုမြို့မှ  မြို့မိမြို့ဖ ဦးစောဂျေအေဝင်းမြင့် ဦးဆောင်၍ သက်ဆိုင်ရာတာဝန်ရှိသူများ၊ဘာသာရေးအသင်းအဖွဲ့များနှင့် လိပ်သိုမြို့ဒေသခံများစုပေါင်း၍ ရှင်ဂျော့ဂျက်အသင်း​တော်ခန်းမ၌ ဩဂုတ် ၁၇ ရက် နံနက်  ၁၁  နာရီက အလှူငွေ ပေးအပ်လှူဒါန်းသည်။

သဘာဝဘေးသင့်ပြည်သူများအတွက် လိပ်သိုမြို့ဒေသခံများ၏ အလှူငွေကျပ် ၁၀၂၁၂၀၀၀ ကို ပေးအပ်လှူဒါန်းရာ အင်္ဂလီကန် သိက္ခာတော်ရ ဘုန်းတော်ကြီးတင်အုန်းက လက်ခံ၍ ကျေးဇူးတင်စကားနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်လေးနွယ်