အမြို့မြို့အနယ်နယ်သတင်းများ

Aug 23,2024
နိုင်ငံတော်မတည်ငွေဖြင့် တည်ဆောက်မည့် စာကြည့်တိုက်အဆောက်အဦသစ် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဒွန်းနွဲ့ကျေးရွာအုပ်စု၊ ဒွန်းနွဲ့ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
Aug 23,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးအတွက် အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ (၁) နာရီက (Community Centre) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 23,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားနိုင်ရေးအတွက် ရည်ရွယ်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သာယာဝတီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ကျွန်းကလေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့သည်။
Aug 23,2024
မိုင်းဆတ်မြို့နယ်၊ မယ်နင်ကျေးရွာအုပ်စု၊ မယ်နင်ကျေးရွာ၌ နိုင်ငံတော်အစိုးရက ပြည်သူများအသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာအုပ်စာစောင်များအလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍  နိုင်ငံတော်မှမတည်ထောက်ပံ့လှူငွေကျပ်သိန်း (၁၅၀) ဖြင့် ကျေးရွာစာကြည့်တိုက်အဆောက်အဦသစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် (၉) နာရီက အဆိုပါကျေးရွာစာကြည့်တိုက် အဆောက်အဦသစ်ဆောက်လုပ်မည့် မြေနေရာ တွင် ကျင်းပလုပ်ခဲ့ကြောင်း သိရသည်။
Aug 23,2024
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေးစီမံကိန်းအရ တောင်ငူခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ငါးဖယ်အင်း ကျေးရွာအုပ်စု၊ ဘုရားသုံးဆူကျောင်းတိုက်တွင် ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပသည်။
Aug 23,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ဆင်မတောင်-ညောင်ဝိုင်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရေကျော်အားအဆင့်မြှင့်တင် ဆောင်ရွက်‌နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
Aug 23,2024
မကွေးတိုင်းဒေသကြီး၊  မင်းဘူးခရိုင်၊  စလင်းမြို့နယ်  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ   ကျောင်းသား/ ကျောင်းသူများ  အသိပညာ ဗဟုသုတရရှိစေရန်နှင့်  ဖွဲ့စည်းပုံအ​ခြေခံဥပဒေဆိုင်ရာ  အကြောင်းအရာများကို  လူငယ်လူရွယ်များဖြစ်သည့်  ကျောင်းသား/ ကျောင်းသူများ အကျယ်တဝင့် သိရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းအေခြခံဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများ အသိပညာပေး ဟောပြောပွဲကို  ယနေ့နံနက်(၉)နာရီအချိန်က စလင်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ   မိုးလုံလေလုံအားကစားခန်းမအတွင်း၌  ကျင်းပပြုလုပ်ခဲ့သည်။
Aug 23,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဌာန၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ကုန်းဇောင်းကျေးရွာ၌ ဒေသခံပြည်သူများ ရာသီမရွေးသွားလာရေး အဆင်ပြေစေရန်အတွက် ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ယမန်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။