မိုင်းဆတ်မြို့၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

မိုင်းဆတ် ဩဂုတ် ၂၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးအတွက် အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ (၁) နာရီက (Community Centre) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ကျောင်းစာအပြင် ပြင်ပဗဟုသုတများကြွယ်ဝစေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန်၊ နောင်တစ်ချိန်တွင် နိုင်ငံတော်မှ အားကိုးအားထားပြုရမည့် လူတော်၊ လူကောင်း၊ လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင်ယှဉ်ပြိုင်နိုင်စွမ်းရှိလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။

အဆိုပါပုံပြင်ပြောပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့နှစ်သက်ရာ ပုံပြင်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)