အမြို့မြို့အနယ်နယ်သတင်းများ

Aug 23,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လည် ၂ နာရီက မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချသည့် ဆိုင်များသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့က စျေးကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Aug 23,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်၉နာရီက အမရပူရမြို့နယ်ရှိ စာတိုးမြို့ပြင်ကြီးကျေးရွာအုပ်စု၊ စက်ကွေ့ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ကျောက်ဆည်မြို့နယ် သမန္တလင်းကျေးရွာ ရန်အောင်မြင်ဓမ္မာရုံတွင် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးလုပ်ငန်းစီမံကိန်းအဖြစ် အခြေခံစက်ချုပ်နည်းသင်တန်း ဖွင့်လှစ်ပို့ချခဲ့သော သင်တန်းသူများအား ယမန်နေ့နံနက်ပိုင်းက မွမ်းမံသင်တန်း အခမဲ့ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Aug 23,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဆင်ခေါင်းရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (ကြိုသက်) ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 23,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ၆ တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉နာရီက ရွာသစ်ကျေးရွာအုပ်စု ကွင်းအမှတ်(၉၁၈)၊ ဦးပိုင်အမှတ်(၃၁၀)၊ တောင်သူ ဦးကြည်တင်၏ လယ်မြေ (၃)ဧက၌ ကျင်းပခဲ့ကြောင်း သိရသည်။
Aug 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် မြို့မ‌ဈေးအတွင်းရှိ ဆေးဆိုင်များတွင် သောက်သုံးရန်မသင့်သည့်ဆေးဝါးများ ရောင်းချခြင်း ရှိ၊ မရှိနှင့် ကုန်ညွှန်းအမှတ်အသားများ ပါရှိခြင်းရှိ၊ မရှိစစ်ဆေးခြင်း‌ကို ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမားရေး ဦးစီးဌာနနှင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ ပူးပေါင်းကာ အသုတ်မြို့မဈေးအတွင်း ဆေးဆိုင်များကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 23,2024
မန္တလေး၊ အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်၊ မန္တလေးတောင်ခြေရှိ မဟာခေမိကာရာမ သစ်ဆိမ့်တိုက်၊ ရတနာကျောင်းသစ်ကျောင်းရှိ ရတမာဓမ္မဗိမာန်တော်ကြီးတွင် ယာယီနေရပ်စွန့်ခွပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃) နာရီက အဆိုပါကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။