အမြို့မြို့အနယ်နယ်သတင်းများ

Aug 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ၂၀၂၄-၂၀၂၅ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားအား ယမန် နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Aug 25,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ယင်းမာပင်အထက၌ ရွှေယင်းမာ ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ပွဲ အခမ်းအနားကိုယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ရေကြီးနစ်မြုပ်ထိခိုက်မှု ဖြစ်ပေါ်သော မိုးစပါးဧရိယာများအတွက် ပိုပိုစွမ်း သဘာဝဓာတ်မြေဩဇာကုမ္ပဏီမှ ငါးအမိုင်နိုအက်စစ် ရွက်ဖျန်းမြေဩဇာများအား တောင်သူများသို့ ထောက်ပံ့ လှူဒါန်းပေးအပ်ပွဲကို မှော်ဘီမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
Aug 25,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ  အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(စကု)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားနေမှုနှင့် မြို့နယ်အတွင်း၌ ယခုနှစ် မိုးစပါးစိုက်ပျိုး ပြီးစီးမှုအခြေအနေများကို စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 25,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့်ပညာရေးဌာနတို့ပူးပါင်းဖွင့်လှစ်သည့် ဥပဒေအသိပညာပေးသင်တန်း အမှတ်စဉ်(၄/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်က အ.ထ.က(ဘုတ်ပြင်း) နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 25,2024
သတ္တမအကြိမ်မြောက် ဝါခေါင်လ ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဂျုံးဂျုံးကျတောရကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
Aug 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ အ.ထ.က(၁)ပညာရတနာခန်းမတွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Aug 25,2024
ကျောင်းသား လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်နှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်မြင့်မားလာစေရန်၊ ပူးပေါင်းဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ ဉာဏ်ရည်ထက်မြက်ပြီး နိုင်ငံတော်နှင့် မိမိပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မည့်လူငယ်များစွာ ပေါ်ထွန်းလာစေရန်ရည်ရွယ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ဘက်ရဲမြို့ (အ.ထ.က) ဘက်ရဲကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိတေဇခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။