အမြို့မြို့အနယ်နယ်သတင်းများ

Sep 17,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက် (မြို့နယ်အဆင့်) သင်တန်းဖွင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 17,2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ပြီး ခန္တီးမြို့နယ်တွင် ကောက်ကွက်ပေါင်း (၁၁၁)ကွက်ကို စာရင်းစစ်၊ စာရင်းကောက်(၄၅)ဦးတို့ဖြင့် ကောက်ယူသွားမည်ဖြစ်ကာ အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ခရိုင်အဆင့်နည်းပြနှင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို စက်တင်ဘာလ(၃)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က သင်တန်းဆင်းပွဲ အခမ်းအနားကို  ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 17,2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများမှ ပျဉ်းမနားမြို့ သုခစိုးဟိုတယ်ဝင်းအတွင်းရှိ ဘိုးဘွားရိပ်သာနှင့် အုန်းတောပရိယတ္တိစာသင်တိုက်များတွင် ခေတ္တနေထိုင်လျက်ရှိသည့် ရေဘေးသင့်ပြည်သူများအား ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို) မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နေပြည်တော် အခရာလက်ဖက်ရည်ဆိုင်မှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 17,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်မှ ရေဘေးအန္တရာယ်ခံစားရသည့် ကျေးရွာများရှိ အိမ်ထောင်စုများအား ထောက်ပံ့လှူဒါန်းနိုင်ရေးအတွက် ထောက်ပံ့ပစ္စည်းများကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့ကြသည်။
Sep 17,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ထူးချွန်ထက်မြက်သည့် လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့သည့်  မိုးရာသီအထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲတွင် ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ အသင်း(၉)သင်းက အုပ်စုပတ်လည်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ(၅)နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။