ရေနံချောင်း စက်တင်ဘာ ၁၇
အဆင့်မြင့်ပညာဦးစီးဌာန ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (ဒုတိယပညာသင်ကာလ) သင်တန်းများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တတိယနှစ်နှင့် ပထမနှစ် ဂုဏ်ထူးတန်းစာမေးပွဲများကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်စာသင်ခန်းများတွင် စတင်ကျင်းပလျက်ရှိသည်။
အဆိုပါစာမေးပွဲများတွင် ပညာသင်ကာလအလိုက် သင်တန်းနှစ်အသီးသီးမှ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၇၂၅ ဦးအနက် ကျောင်းသား ၃၂၇ ဦးနှင့် ကျောင်းသူ ၁၂၅၉ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၅၈၆ ဦး ဝင်ရောက်ဖြေဆိုကြောင်း စားမေးပွဲနှင့် ဘွဲ့နှင်းဌာနမှ သိရသည်။
ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုကို ရေနံချောင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးအေးသန့်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)