ခန္တီး စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ထူးချွန်ထက်မြက်သည့် လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့သည့် မိုးရာသီအထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲတွင် ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ အသင်း(၉)သင်းက အုပ်စုပတ်လည်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ(၅)နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဒိုင်လူကြီးများအား ထောက်ပံ့ချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို မြို့နယ်သာသနာရေးမှူး ဦးရဲထွဋ်လှိုင်ကလည်းကောင်း၊ ဂိုးသမားအကောင်းဆုံးဆုရရှိသော မြို့မအသင်းမှ မောင်ဇွဲပြည့်စုံကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မျိုးဝင်းကလည်းကောင်း၊ နောက်တန်းအကောင်းဆုံးဆုရရှိသော မြို့မအသင်းမှ မောင်လင်းထက်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသီဟထက်အောင်ကလည်းကောင်း၊ အလယ်တန်းအကောင်းဆုံးဆုရရှိသော ဇီးဖြူကုန်းအသင်းမှ မောင်အောင်ကျော်ကျော်ကို ခရိုင်ဥပဒေအရာရှိ ဦးရဲဆွေဦးကလည်းကောင်း၊ အရှေ့တန်းအကောင်းဆုံးရရှိသော ပေါမိုင်းအသင်းမှ မောင်ပြည့်ဖြိုးသိမ်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးဝင်းညွှန့်ကလည်းကောင်း၊ အသန့်ရှင်းဆုံး ကစားသမားဆုရရှိသော ပေါမိုင်းအသင်းမှ မောင်မင်းမင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးဉာဏ်လွင်ကလည်းကောင်း၊ မိုးရာသီအထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိသော ဇီးဖြူကုန်းအသင်းကို မြို့နယ်ရဲမှူး ဉာဏ်မြင့်ကလည်းကောင်း၊ ဒုတိယဆုရရှိသော ပေါမိုင်းအသင်းကို ခရိုင်ရဲမှူး သက်ထွဋ်ကလည်းကောင်း၊ ပထမဆုရရှိသော မြို့မအသင်းအား တံခွန်စိုက်ဆုဖလားကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းဟိန်းစိုးကလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။ အဆိုပါ ဆုပေးပွဲခမ်းအနားသို့ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)