သာစည် စက်တင်ဘာ ၁၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်မှ ရေဘေးအန္တရာယ်ခံစားရသည့် ကျေးရွာများရှိ အိမ်ထောင်စုများအား ထောက်ပံ့လှူဒါန်းနိုင်ရေးအတွက် ထောက်ပံ့ပစ္စည်းများကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့ကြသည်။
မြို့နယ်အတွင်းရှိ ရေကြီးနစ်မြုပ်မှုခံစားခဲ့ကြရသည့် ကျေးရွာများသို့ ခွဲဝေထောက်ပံ့နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များထံသို့ ရေသန့်ဆေးပြား (၅၀၀၀) ပြား၊ ပစ္စည်း (၁၁) မျိုးပါ (Hygnene Kit A) (၅၀)၊ ၁၀ လီတာရေပုံး (၅၀) ပုံး၊ တာပေါ်လင်မိုးကာ (၁၀) ခု၊ နိုင်လွန်ကြိုးခွေ (၁၀) ခွေတို့ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြသက်ဝင်းနှင့် ဝန်ထမ်းများက ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)