မိုင်းယောင်းမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲ ကျင်းပ

မိုင်းယောင်း စက်တင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက် (မြို့နယ်အဆင့်) သင်တန်းဖွင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး နည်းပြများ၊ သင်တန်းသား သင်တန်းသူများနှင့် အခမ်းအနား တက်ရောက်လာသူများအား လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းဆိုင်ရာ လက်ဆောင်ပစ္စည်းများပေးအပ်သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မိုင်းယောင်းတပ်နယ် တပ်နယ်မှူးနှင့် တပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်/မြို့အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ နည်းပြနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၁၀)ရက်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)