Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဓနုဖြူမြို့နယ်တွင် အပတ်စဉ်ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး စစ်ဆေးဆောင်…
Sep 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူပြုစေရန် ပြည်သူများ ပလတ်စတစ်အိတ် သုံးစွဲမှုလျော့နည်းစေရေးအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားရှိမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး ကြီးကြပ်စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိ
Sep 19,2024
ပျော်ဘွယ်မြို့နယ်တွင် စက်တင်ဘာလ ဒုတိယပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မြို့ပေါ် ရပ်ကွက်များနှင့်ကျေးရွာများရှိ သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အချို့ရုံးများသို့ ရေဝင်ရောက်ခြင်း၊ လမ်းမများပေါ်၌ သစ်ပင်များလဲပြိုခြင်းတို့ဖြစ်ပေါ်ခဲ့ရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ် မင်းတစုကျေးရွာရှိ သမိုင်း၀င်ကျိုက္ခနိမ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ပိတ်ပွဲ အခမ်းအနားကျင်းပ
Sep 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မင်းတစုကျေးရွာရှိ သမိုင်းဝင်ကျိုက္ခနိမ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၁၃၈၆ ခုနှစ် တော်သလင်းလဆန်း ၁ ရက်နေ့မှ တော်သလင်းလပြည့်နေ့အထိ ၁၅ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ယမန်နေ့မွန်းလွဲပိုင်းက ပိတ်ပွဲဆုပေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်း
Sep 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်စေရန်နှင့်စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာတွင် အစာအဆိပ်သင့်ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
Sep 19,2024
၁။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝါးတီးကျေးလက်ကျန်းမာရေးဌာန အပိုင်၊ ဝက်ဖြူကုန်းကျေးရွာ၊ ရွှေဖြူရတနာစာသင်တိုက်တွင် (၁၈-၉-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်း၌ အလှူရှင်များမှ လာရောက်လှူဒါန်းသော ကြာဇံကြော်၊ အချဉ်နှင့်ထမင်း၊ ကြက်ဥမန်ကျည်းမှည့်ချက်များအား ကျေးရွာနေပြည်သူများက စားသုံးပြီးနောက် ည(၈:၀၀)နာရီခန့်တွင် ဗိုက်နာခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းစသည့် အစာအဆိပ်သင့်ရောဂါလက္ခဏာများဖြစ်ပွား၍ ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့သို့ ပြင်ပလူနာအဖြစ်(၆၈)ဦး၊ အတွင်းလူနာအဖြစ်(၆၅)ဦး လာရောက်ကုသမှုခံယူခဲ့ပြီး ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ အထူးကုဆရာဝန်ကြီးများမှ အနီးကပ်ကြည့်ရှုကုသမှုပေးခဲ့ရာ လူနာများအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
ရေဦးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး စာရင်းကောက်၊ စာရင်းစစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Sep 19,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ စာရင်းကောက်၊ စာရင်းစစ် သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုခရိုင်ရုံး၌ မြန်မာနိုင်ငံစာရေးဆရာများအသင်း အသင်းဝင်ကတ်ပေးအပ်ပွဲအခမ်းအနားကျင်းပ
Sep 19,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ မြန်မာနိုင်ငံစာရေးဆရာများအသင်း အသင်းဝင်ကတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့ မယ်လိတ်ပါကော်စံပြ(အာခါ)ကျေးရွာ၌ အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်လှစ်
Sep 19,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိတ်ပါကော်စံပြကျေးရွာ၊ ပညာရတနာမွန်စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6816
Page
6817
Page
6818
Page
6819
Current page
6820
Page
6821
Page
6822
Page
6823
Page
6824
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department